ယခုလိုမျှော်လင့်ခြင်းမိုးကောင်းကင် ပရဟိတအဖွဲ့ စတင်ဖြစ်ပေါ်လာပုံကတော့ တနေ
့ကျွန်တော် တောင်ဒဂုံကို Home Visit သွားရာကနေ လူတွေရဲ့ ဆင်းရဲချမ်းသာ
မညီမျှမှုတွေကို အမှတ်မထင်သတိထားမိခဲ့ခြင်းကစတာပါ။ ကမ္ဘာပေါ်ရှိ
အလယ်လတ်တန်းစား နိုင်ငံတွေမှာ လူဦးရေ ၅ ပုံ ၄ ပုံရဲ့ ဝင်ငွေဟာ တနေ
့တာအတွင်း အမေရိကန်ဒေါ်လာ ၂ ဒေါ်လာောအက်သာရရှိနေကြပါတယ်။ ချမ်းသာကြွယ်ဝလာတဲ့
အာရှလူတန်းစားတွေဟာ သူတို့ သားသမီးတွေကို အနောက်တိုင်းက အနောက်တိုင်းက
ထိပ်တန်းကျောင်းတွေမှာ ထားဖို့ စိတ်အားထက်သန်နေကြချိန်မှာ
ဆင်းရဲနွမ်းပါးမှုချောက်ကမ်းပါးထဲကျရောက်နေတဲ့ လူတွေရဲ့ ဘ၀မှာ
ဘယ်လိုတွေနေထိုင်နေရတယ် သူတို့ အနာဂတ်မှာဘာတွေဖြစ်လာမယ်ဆိုတာဟာလည်း
မရေရာပါဘူး။ ကျွန်တော်အပါအ၀င် အဆင်ပြေတဲ့ လူတန်းစားတချို့ ဟာ အစားအသောက်နဲ
့ပါတ်သတ်ရင် စားသောက်ဆိုင်ကောင်းကောင်းတွေကို
ရွေးချယ်စားသောက်လေ့ရှိကြတယ်။ ချမ်းသာတဲ့လူတန်းစားတွေဟာ
ညနေပိုင်းနေ၀င်ဆည်းဆာအချိန်တွေမှာ ရှူခင်းကောင်းကောင်း Outdoor seating နဲ
စားသောက်ဆိုင်တွေမှာ တခုခုစားရင်း အချိန်တွေကို
ဖြတ်သန်းရမလား...ဒါမှမဟုတ် သီချင်းစာသားမပါတဲ့ တီးလုံးသံစဉ်
ငြိမ့်ငြိမ့်လေးတွေနဲ့  Indoor seating စားသောက်ဆိုင်တွေမှာ
အချိန်တွေကျော်ဖြတ်ရလား စဉ်းစားနေချိန်မှာ....မရှိဆင်းရဲသားတွေအတွက်ကတော့
ကိုယ့်နာမည်ဘယ်လိုရေးရမလဲ...ကိုယ့်ဘာသာဘာရေးထားတယ်တောင် မသိနိုင်တဲ့
အခြေအနေတွေမှာရှိနေပါတယ်....။ အနာဂတ်တင်မဟုတ်ပါပဲ
ပစ္စုပ္ပန်ပါပျောက်ဆုံးနေတဲ့ ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသော လူမွဲတွေဟာ
မျှော်လင့်ချက်မရှိနေ့ ရက်တွေကို ဖြတ်သန်းနရတယ်ဆိုတဲ့
သံဝေဂအသိလေးဝင်လာမိပါတယ်..။
ဒါကြောင့် ကျွန်တော် အခမဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရွှေ့ လျှားဆေးခန်းလေး ဖွင့်ချင်တယ်လို့ ပြောတော့ ကျွန်တော်နဲ့ ထပ်တူ ခံစားမိတဲ့ ညီလေး ညဏ်လင်းနဲ့ ညီမလေး နန္ဒာခိုင်တို့ နဲ့ အတူ မိတ်ဆွေအပေါင်းအသင်းတွေကလည်းကူညီကြမယ်လို့ ပြောလာကြတဲ့အတွက် ကျွန်တော်တို့ တတွေ "မျှော်လင့်ခြင်းမိုးကောင်းကင်" ဆိုတဲ့ အမည်နဲ့ ပရဟိတအသင်းလေး ကိုစတင်ဖွဲ့ စည်းခဲ့ပါတယ်...။ကျွန်တော်တို့ တွေ ဆင်းရဲနွမ်းပါးပြီး နာမကျန်းဖြစ်နေတဲ့ သူတွေကို အခကြေးငွေ၊ ပစ္စည်းဥစ္စာစိုးစဉ်းမှ မယူပဲ ကုသမှုပေးမှာပါ။ မျှော်လင့်ခြင်းမိုးကောင်းကင် ပရဟိတအဖွဲ့ ဟာ နေရာတကျ သတ်မှတ်ထားခြင်းမရှိပဲ ဆင်းရဲတဲ့သူတွေဆီ ရောက်အောင်သွားပြီးကုသမည့် Mobile Clinic လေးတခုရယ်ပါ...။
ယခုဆိုရင် အလျှူရှင်များနဲ့ စေတနာရှင်ညီအကိုမောင်နှမတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် ကျွန်တော်တို့  မျှော်လင့်ခြင်းမိုးကောင်းကင် ပရဟိတအဖွဲ့ ရဲ့ ရည်ရွယ်ချက်တချို့ ကိုစတင်အကောင်အထည်ဖော်ဖြစ်ခဲ့ပါပြီ။ ကျွန်တော်တို့ သိထားတဲ့အတိုင်းပါပဲ ပရဟိတလုပ်တယ်ဆိုတာ ငွေရှိယုံနဲ့ မရပါဘူး...စေတနာရှိမှရပါတယ်...။ စေတနာပါယုံနဲ့ လည်းမပြီးသေးပါဘူး ငွေလိုအပ်ပါတယ်...။ ရေရှည်ရပ်တည်ဖို့ မလွယ်မှန်း သိပေမယ့် နာမကျန်းဖြစ်တဲ့ ဆင်းရဲသားတွေကို ပြုစုကုသပေးချင်တဲ့စိတ်ကို တားမရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အဖွဲ့ ဟာ နာမကျန်းဆင်းရဲသားတွေအတွက် မိုးကောင်းကင်မဖြစ်နိုင်ပေမယ့် မျှော်လင့်ချက် တခုတော့ ဖြစ်နိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ အတူ "မျှော်လင့်ခြင်းမိုးကောင်းကင်" ပရဟိတအဖွဲ့ လေးတခုဖြစ်တည်လာခဲ့ပါပြီ...။
ကျွန်တော်တို့ မျှော်လင့်ခြင်းမိုးကောင်းကင် ပရဟိတနဲ့ အဖွဲ့ နဲ့ အတူ ပူးပေါင်းပါဝင်ဖို့ စေတနာရှင်တွေကိုလည်းဖိတ်ခေါ်ချင်ပါတယ်...။ ကျွန်တော်တို့ နဲ့ အတူ လူအားဖြစ်စေ..၊အလျှူငွေအားဖြစ်စေ (သို့ မဟုတ်) အကြံညဏ်များပေးခြင်းဖြစ်စေ...ကူညီနိုင်ပါတယ်...။ ကျွန်တော်တို့ အသင်းရေရှည်ရပ်တည်နိုင်ဖို့ ဝိုင်းဝန်း ပံ့ပိုးပေးကြပါလို့ မိတ်ဆွေတို့ ကိုပြောကြားရင်း....
ကျေးဇူးတင်လျှက်
Dr.ထိန်ဝင်း

No comments:
Post a Comment