Wednesday, January 16, 2013

မျှော်လင့်ခြင်း မိုးကောင်းကင် တတိယခြေလှမ်း မှတ်တမ်းတင်ဓါတ်ပုံများ--


မျှော်လင့်ခြင်း မိုးကောင်းကင် ကုသိုလ်ဖြစ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် (၁၄.၁၀.၂၀၁၂)တနင်္ဂနွေနေ့တွင် တောင်ဒဂုံမြို့နယ်အတွင်းရှိ မိဘဘိုးဘွား ကလေးမကျန် အခမဲ့ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးရာ တောင်ဒဂုံမြို့နယ်၊သီရိမင်္ဂလာရွှေဘုံဦး ကျောင်းတိုက်သို့ တတိယခြေလှမ်းအဖြစ် သွားရောက်ခဲ့ကြပါသည်။

မျှော်လင့်ခြင်း မိုးကောင်းကင် ပရဟိတအဖွဲ့၏ ရည်ရွယ်ချက်မှာ " နေရာအတည်တကျ သတ်မှတ်မထားဘဲ ဆင်းရဲတဲ့သူတွေဆီ ရောက်အောင် သွားပြီးကုသမည့် Mobile clinic !" ဖြစ်ပါသည်။

(၁၄.၁၀.၂၀၁၂)နေ့တွင် စေတနာရှင်ဆရာဝန်(၂၀)ဦးကျော်အတူလိုက်ပါကြပြီး တောင်ဒဂုံမြို့နယ်အတွင်းရှိ ရွာသူ ရွာသား(၅၀၀)ကျော်နှင့်အတူ သီရိမင်္ဂလာရွှေဘုန်ဦး ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ကျောင်းသူကျောင်းသား ၁၅၀ကျော်အား အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

မျှော်လင့်ခြင်း မိုးကောင်းကင် ပရဟိတအသင်းတွင် ငွေကြေးချို့တဲ့သူများအား စေတနာဖြင့် ဆေးကုသပေးနိုင်ရန် စေတနာရှင်ဆရာဝန်များ များစွာရှိပါသော်လည်း အဖွဲ့လေး ရေရှည်တည်တံ့ပြီး ငွေကြေးချို့တဲ့သောမြန်မာပြည်ဖွား သွေးချင်းမောင်နှမ မိဘမိတ်ဆွေများအား အမြဲအထောက်အကူပြု ကုသမှုများပေးနိုင်စေရန်အတွက်   ရန်ပုံငွေများလိုအပ်လျှက်ရှိနေပါသောကြောင့် ဒီအသင်းလေးရေရှည်ဖြစ်မြောက် အောင်မြင်နိုင်စေရန်အတွက်  နိုင်ငံတကာမှ စေတနာရှင် အလှူရှင်များ များစွာလိုအပ်လျှက် ရှိနေပါသည်။

ဆက်သွယ်လှူဒါန်းကြသော အလှူရှင်စာရင်းများကို <a href="http://warwarkhaingmin.blogspot.com/">http://warwarkhaingmin.blogspot.com</a> တွင် Update လုပ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။



မျှော်လင့်ခြင်း မိုးကောင်းကင် ပရဟိတအဖွဲ့အမှတ်တရ




ယနေ့လာရောက် ဆေးကုသမှုခံယူကြသော ရွာသူ ရွာသားများ-




မေတ္တာ စေတနာများစွာဖြင့် ဆေးကုသပေးနေကြသော မျှော်လင့်ခြင်း မိုးကောင်းကင် ဆရာဝန်များ




မျှော်လင့်ခြင်း မိုးကောင်းကင်ရဲ့ ဆေးဝါးအလှူ








သီရိမင်္ဂလာရွှေဘုန်ဦး ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှ ကျောင်းသူ ကျောင်းသား ၁၅၀ ကျော်အား မျှော်လင့်ခြင်း မိုးကောင်းကင် ပရဟိတမောင်နှမများမှ ကျောင်းဝတ်စုံများနှင့် စာအုပ် ၊ခဲတံ၊ပေတံ များ လှူဒါန်းကြစဉ်.




(ကျောင်းသူ ကျောင်းသားလေးတွေကို ဝေခဲ့တဲ့ ဆရာမိုဃ်းဇော် ရေးတဲ့ သားချော့တေးကဗျာလေး ဖြစ်ပါတယ်။)

"သားချော့တေး" 

(သားရေ- ငိုသံတွေကို လမ်းခင်းပြီးမှ မင်းရဲ့နန်းတော်ကို ရောက်မယ်ဆိုရင် အဲဒီလမ်းကို မလျှောက်နဲ့) (မိုးလောက်ကြီးပါစေ လူတွေရဲ့ ပုခုံးကို တက်နင်းပြီးမှ မင်းဘ၀အထက်တန်းကျမယ်ဆိုရင် အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့)(မင်းရဲ့ယုံကြည်ချက်ကြောင့် ဘ၀တွေပျက် ၊အိုးအိမ်တွေပျက် မိသားစုတွေရဲ့ ပျော်စရာ အနာဂတ်တွေလည်း ကြေကွဲပျက်စီးရမယ်ဆိုရင် အဲဒီယုံကြည်ချက်ကို မင်းအကောင်အထည် မဖော်လေနဲ့)(မသိနားမလည်သူ သူတွေကို လှည့်စားပြီးမှ ဇိမ်ခံခွင့်ရမယ်ဆိုရင် အဲဒီစည်းစိမ်ကိုလည်း မင်းမမက်မောလေနဲ့) (လောကကြီးမှာ သစ်သီးကလေး တစ်လုံးသီးဖို့ အချိန်တွေအများကြီးယူခဲ့ရတယ်။ ပန်းကလေး တစ်ပွင့်ပွင့်ဖို့ အဆင့်ဆင့်တည်ဆောက်ခဲ့ရတယ်။ မြေနီလမ်းနံဘေးက တောပန်းလေးတွေကအစ ကြင်နာပါ။ ဒုက္ခရောက်သူကို ဖေးကူပါ။ လူ့သိက္ခာကို စောင့်ရှောက်ပါ။ အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။) ရိုးသားဖြူစင်သူတွေကို တစ်ဖက်သတ်အနိုင်ယူပြီးမှ မင်းရဲ့သရဖူကို ရမယ်ဆိုရင် အဲဒီသရဖူကိုလည်း မင်းလုံးဝ မယူလေနဲ့) 

မိုဃ်းဇော် 












No comments:

Post a Comment